News

【 ပြည်တွင်း 】‌နေပြည်တော်စိုက်ကွင်းများတွင် ဆိုလာစနစ်ရေတင်စက်များအသုံးပြုစိုက်ပျိုးလာ

【 ပြည်တွင်း 】‌နေပြည်တော်စိုက်ကွင်းများတွင် ဆိုလာစနစ်ရေတင်စက်များအသုံးပြုစိုက်ပျိုးလာ

နေပြည်တော်၊မတ် ၂၀

နေပြည်တော်မြို့နယ်များအတွင်းရှိစိုက်ပျိုးရေးတောင်သူများရေပေးမြှောင်း၊ဆည်ရေနှင့်ဝေးသောစိုက် ကွင်းများအတွက် လိုအပ်သောရေများကိုဆိုလာစနစ်များအသုံးပြု၍ရေငုတ်များတူး၍ ရေတင်စက်များအသုံးပြု၍ စိုက်ပျိုးလာကြကြောင်းသိရပါတယ်။

“နေပြည်တော်အတွင်းမှာရှိတဲ့လယ်ဝေး၊တပ်ကုန်း၊ဇေယျာသိရိ၊ပုဗ္ပသီရိစတဲ့မြို့နယ်အတွင်းရှိတဲ့စိုက်ကွင်းတွေပေါ့၊အခုတောင်သူအတော်အများအခုဆိုလာလျပ်စစ်ရေတင်စက်တွေသုံးပြီးစိုက်ပျိုးနေကြတာအဆင်ပြေကြတယ်ဗျ၊အခုနွေးစပါးတောင်ဆိုလာလျပ်စစ်ရေတင်စက်တွေသုံးစိုက်နေကြပြီ”ဟုတောင်သူတစ်ဦးမှပြောပါတယ်။

နေပြည်တော်မြို့နယ်များတွင်စိုက်ပျိုးနေကြသည့်နွေစပါးခင်းများ၊ဖရဲခင်းများ၊ပန်းမုန်လာ၊ဂေါ်ဖီ၊ငရုပ်စ သည့်စိုက်ခင်းကြီးများတွင် ဆိုလာလျှပ်စစ်ရေတင်စက်များဖြင် စိုက်ကွက်အတွင်းရေငုတ်များတူးကာ ရေတင်စိုက် ပျိုးကြတယ်လို့ပြောပါတယ်။

“အကုန်အကျကတော့နည်းနည်းရှိတာပေါ့။ရေမရှိလို့မစိုက်ဘဲနေရင်ဘာမှရလာမှာမဟုတ်တာ။အရင်ကတောင်လယ်ထဲရေတွင်းတူးထမ်းပုံးတွေနဲ့ရေလောင်းစိုက်ပျိုးလာကြတာဘဲ။အခုဟာကငွေတော့နည်းနည်းပိုကုန်ပေမဲ့လူသက်သာတယ်”ဟုပန်းမုံလာစိုက်ပျိုးသူတစ်ဦးမှပြောပါတယ်။

ဘော်ဘော်(နေပြည်တော်)

What to Read Next