News

【 နိုင်ငံတကာ 】အမေရိကန်၊ဖိလစ်ပိုင် အတိုင်းအတာကြီးမားတဲ့ တိုက်ပွဲပုံစံတူစစ်ရေးလေ့ကျင်မှုပြုလုပ်ရန်စီစဉ်ထား

【 နိုင်ငံတကာ 】အမေရိကန်၊ဖိလစ်ပိုင် အတိုင်းအတာကြီးမားတဲ့ တိုက်ပွဲပုံစံတူစစ်ရေးလေ့ကျင်မှုပြုလုပ်ရန်စီစဉ်ထား

မနီလာ( Stars and Stripes)

အမေရိကန်မရိန်းတပ်ပါဝင်တဲ့နိုင်ငံစုံတပ်တွေဟာ ဖိလစ်ပိုင်မှာအခုနှစ်Balikatan စစ်ရေးလေ့ကျင့်မှု အတွင်း တပ်ဖွဲ့ဝင် ၁၆၀၀၀ ပါဝင်တဲ့ အပြည့်အ၀တိုက်ပွဲစမ်းသပ်မှုတခုအတွက်ပြင်ဆင်နေကြကြောင်း၊ Balikatan စစ်ရေးလေ့ကျင့်မှုကို ဧပြီ ၂၁ ရက်ကနေ မေလ ၉ရက်နေ့အထိလုပ်ဆောင်ဖို့စီစဉ်ထားကြောင်း မရိန်း တပ်ပြော ခွင့်ရပုဂ္ဂိုလ် ဘင်ဂီးလ်မန်းကပြောပါတယ်။

အခုအကြိမ် ၄၀ မြောက်ရှိလာပြီဖြစ်တဲ့ စစ်ရေးလေ့ကျင်မှုမှာအမေရိကန်စစ်သားတစ်သောင်းဟာ ဖိလစ် ပိုင်၊သြစတြေးလျ၊ ဂျပန်တို့ကစစ်သား ၆၀၀၀ နဲ့အတူပါဝင်မှာဖြစ်ပါတယ်။

ယခုနှစ်မှာတော့ လုံးဝလက်တွေ့ကျတဲ့ ပုံစံရေးဆွဲထားမှုတွေအတွင်း ပူးပေါင်းစွမ်းရည်တွေကိုစမ်းသပ်ဖို့ အတိုင်းအတာကြီးမားတဲ့တိုက်ပွဲပုံစံတူတခုကိုထည့်သွင်းထားကြောင်း၊ လေ့ကျင့်ခန်းတွေဟာ အမေရိကန်နဲ့ ဖိလစ်ပိုင် စစ်တပ်တို့ကြား ခေတ်မီတိုးတက်ရေးကြိုးပမ်းမှုတွေကို မီးမောင်းထိုးပြနေတာဖြစ်ကြောင်းဂီးလ်မန်းက အင်္ဂါနေ့မှာပြောပါတယ်။

တိုက်ပွဲပုံစံတူတွေက အင်ဒို-ပစိဖိတ်စစ်ဌာနချုပ်ဟာ ဒေသတွင်းတရုတ်ရဲ့ခြိမ်းခြောက်မှုအပေါ် ဘယ် လောက် အလေးထားနေသလဲဆိုတာကိုညွှန်ပြနေတာဖြစ်တယ်လို့ အငြိမ်းစားမရိန်းတပ်ဗိုလ်မှူးကြီးအခု Japan Forum for Strategic Studies ရဲ့ ၀ါရင့်သုတေသီတဦးဖြစ်သူ ဂရန့်နယူးရှမ်းကပြောပါတယ်။

“တရုတ်ဟာ ဖိလစ်ပိုင်ကို ခက်ခဲတဲ့အချိန်တခုနဲ့ရင်ဆိုင်နေရစေပြီး ဖိလစ်ပိုင်ရဲ့ ရေပြင်ပိုင်နက်တချို့ကို သိမ်းယူထားတာနဲ့ Palawan ကို တရုတ်ပိုင်အဖြစ်ကြေညာတာတွေကိုလုပ်ဆောင်နေပါတယ်”လို့ နယူးရှမ်းက ပြောပါတယ်။

အာရှမှာ အမေရိကန်ရဲ့သက်တမ်းအရင့်ဆုံး လုံခြုံရေးမဟာမိတ်တစ်ဦးဖြစ်သူ ဖိလစ်ပိုင်ဟာ အငြင်း ပွားနေတဲ့ တောင်တရုတ်ပင်လယ်အတွင်း တရုတ်ကမ်းခြေစောင့်တပ်ပါဝင်တဲ့ ထိပ်တိုက်တွေ့တဲ့ဖြစ်ရပ် တွေနဲ့ အကြိမ် ကြိမ်ရင်ဆိုင်နေရပါတယ်။

Balikatan စစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်နဲ့စစ်ရေးစာချုပ်ချုပ်ဆိုထားတဲ့ မဟာမိတ်အပေါ် အမေရိ ကန်ရဲ့အလေးထားမှုနဲ့ ဖြစ်လာနိုင်တဲ့ပဋိပက္ခအတွင်း ကူညီပေးနိုင်စွမ်းရှိမှုတို့ကို အဓိကပြသနေတာဖြစ်ပါတယ်။

ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတိုတီအိုဒိုရိုက Balikatanတိုက်ပွဲစမ်းသပ်မှုအတွက် အစီအစဉ် တွေနဲ့ပတ်သက်လို့ ယခင်နှစ်Camp Aguinaldo မှာပြောကြားထားခဲ့တာဖြစ်ပါတယ်။

အမေရိကန်အင်ဒို၊ပစိဖိတ်စစ်ဌာနချုပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးဆမ်မြူရယ်ပါပါရိုက ယခင် Balikatan လေ့ကျင့်ခန်းတွေဟာ ပိုမိုသေးငယ်ပြီး တဦးချင်းလေ့ကျင့်ခန်းတွေကိုအဓိကထားခဲ့ပေမယ့် ယခုနှစ်မှာတော့ လုပ် ဆောင်ပြီးခဲ့သမျှထဲ အကြီးဆုံး လေ့ကျင့်ခန်းဖြစ်ပါလိမ့်မယ်လို့ပြောခဲ့ပါတယ်။

စိုးချစ်

What to Read Next