ပေကျင်း၊ မတ် ၂၀
China Media Group ဦးစီးကျင်းပသော “China in Springtime: Sharing Opportunities with the World” တစ်ကမ္ဘာလုံးဆွေးနွေးပွဲ ကိုလံဘီယာအထူးပွဲကို ဘိုဂိုတာ၌ မတ်လ ၁၄ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရပါတယ်။
တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှိန့်ဟိုင်ရှုန်က ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ရှိန့်ဟိုင်ရှုန်က ယခုနှစ် တရုတ်နိုင်ငံ NPCနှင့်CPPCC နှစ်ပတ်လည် အစည်းအဝေးများမှာ သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံသည် စနစ်ဆိုင်ရာ တံခါးဖွင့်မှုကို ခြေလှမ်းမှန်မှန်ဖြင့် တိုးချဲ့ဆောင် ရွက်ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ရှေ့အလားအလာကို အဆက်မပြတ် တိုးချဲ့ရမည်ဟု အလေးထား ပြောကြားခဲ့ကြောင်း၊ တရုတ် နိုင်ငံသည် တံခါးဖွင့်မှုကို တစ်နေ့တခြား တိုးချဲ့ဆောင်ရွက်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာနှင့် ခွဲမရသလို ကမ္ဘာ စည်ပင်သာယာရေးသည် တရုတ်နိုင်ငံကို လိုအပ်ကြောင်း၊ China Media Group သည် ၎င်း၏ နိုင်ငံတကာအဆင့်မြင့် ပေါင်းစပ်သတင်းပေးပို့ရေးနှင့် နည်းပညာ ဆန်းသစ်တီထွင်ရေး ဆိုင်ရာ အားသာချက်များကို ဖေါ်ထုတ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ သူငယ်ချင်းများနှင့် တရုတ်စတိုင် ခေတ်မီဖွံ့ဖြိုးတိုး တက်ရေး အခွင့်အလမ်းများကို မျှဝေရန် ဆန္ဒရှိကြောင်း ပြောကြား ပါတယ်။
လင်းလင်း