ပေကျင်း၊ မတ် ၂၀
China Media Group ဦးစီးကျင်းပသော “China in Springtime:Sharing Opportunities with the World” တစ်ကမ္ဘာလုံးဆွေးနွေးပွဲ တူရကီအထူးပွဲကို အန်ကာရာ၌ မတ်လ ၁၂ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရပါတယ်။
တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှိန့်ဟိုင်ရှုန်က ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။ ရှိန့်ဟိုင်ရှုန်က China Media Group သည် ၎င်း၏ နိုင်ငံတကာ အဆင့်မြင့် ပေါင်းစပ်သတင်းပေးပို့ရေးနှင့် နည်းပညာ ဆန်းသစ်တီထွင်ရေးဆိုင်ရာ အားသာချက်များကို ဖေါ်ထုတ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ သူငယ်ချင်းများနှင့် တရုတ်စတိုင် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို မျှဝေရန် ဆန္ဒရှိကြောင်း၊ မိမိတို့သည် တူညီသောကမ္ဘာပေါ်တွင် အချင်းချင်းကူညီဖေးမခြင်းစိတ်ဓာတ်ကို စွဲကိုင်ပြီး သတင်း ရေးသားဖေါ်ပြခြင်း၊ သတင်းအချက်အလက်ဖလှယ်ခြင်းနှင့် အရင်းအမြစ်မျှဝေခြင်းအတွက် မီဒီယာ ပလက်ဖောင်းတစ်ခု တည်ဆောက်မည်ဖြစ်ပြီး တရုတ်အတွေ့အကြုံနှင့် တရုတ်ဉာဏ် ပညာကို ကမ္ဘာနှင့်မျှဝေကာ တရုတ်စတိုင် ခေတ်မီခြင်း၏ရလဒ်များကို တစ်ကမ္ဘာလုံးအား ပိုမိုကောင်းမွန်စွာ အကျိုးပြုစေမည်ဖြစ်ကြောင်း ပြောကြားပါတယ်။
လင်းလင်း