Psoriasis လို့ ခေါ်တဲ့ အသားထူအရေပြားရောဂါ ဆိုတာကတော့ ကိုယ်ခံအားစနစ်ချို့ယွင်းမှုကြောင့် ဖြစ်တဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ပါတယ်။
Psoriasis ရောဂါဟာ အုပ်စုအမျိုးမျိုးရှိပြီး အသားထူအရေပြားရောဂါ Plaque Psoriasis ကအဖြစ်အများဆုံး အမျိုးအစားဖြစ်ပါတယ်။
Psoriasis ရောဂါဟာ လုံးဝပျောက်ကင်းသွားတာမျိုး မရှိဘဲ ရောဂါကို ပိုမဆိုးလာအောင် ရောဂါအခြေအနေကိုထိန်းပြီး ကုသရတဲ့ နာ တာရှည်ရောဂါအမျိုးအစားဖြစ်ပါတယ်။
Psoriasis ရောဂါဖြစ်ရင် ခံစားရနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့
– အရေပြားတွင် ယားယံသော ထူထူအကွက်၊ အဖြူအဖတ်များဖြစ်ခြင်း
အထူးသဖြင့်
– တံတောင်ဆစ်
– ဒူးခေါင်း
– မျက်နှာ
– လက်ဖဝါး၊ ခြေဖဝါး
– ကျောကုန်း
– ဦးရေပြား စတဲ့ နေရာတွေမှာ အဖြစ်များပါတယ်။
– လက်သည်း၊ ခြေသည်းတွင် အချိုင့်သေးသေးလေးများဖြစ်ခြင်း
– အချို့သောသူများတွင် အဆစ်များကိုက်ခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
Psoriasis ရောဂါဟာ ရောဂါငြိမ်လိုက်၊ ပြန်ကြွလာလိုက်ဖြစ်တတ်တဲ့ နာတာရှည် အရေပြားရောဂါအမျိုးအစားဖြစ်ပါတယ်။
Psoriasis ရောဂါကို ပြန်ကြွစေတဲ့ အကြောင်းအရင်းတွေကတော့
– ရောဂါပိုးဝင်ခြင်း အထူးသဖြင့် Streptococcus ဘက်တီးရီးယားပိုး ကူးစက်ခံရခြင်း
– စိတ်ဖိစီးမှုများခြင်း
– အရေပြားတွင် ဒဏ်ရာရခြင်း/ခွဲစိတ်ခြင်း
– ရာသီဥတုပြောင်းလဲခြင်း
– ဆေးလိပ်သောက်ခြင်း
– အရက်အလွန်အကျွံသောက်ခြင်း
– အချို့သော ဆေးဝါးများ (ဥပမာ – Lithium, သွေးကျဆေးအချို့၊ Beta-Blockers (အချို့သော နှလုံးခုန်နှုန်း ထိန်းပေးသော ဆေးများ၊ ငှက်ဖျားရောဂါတွင် ကုသသော ဆေးများ) စတာတွေကြောင့် Psoriasis ရောဂါ ပိုဆိုးစေနိုင်ပါတယ်။
Psoriasis ရောဂါကိုကုသနိုင်တဲ့နည်းလမ်းတွေကတော့
– Topical Therapy အရေပြားလိမ်းဆေးများဖြင့် ကုသခြင်း
– PhototherapyUV light အသုံးပြုပြီး
ကုသခြင်း
– Systemic Therapy ရောဂါပြင်းထန်သူများတွင် ကိုယ်ခံအားချပေးသော ဆေးများဖြင့်
ကုသခြင်း
– Lifestyle modification နေထိုင်မှုပုံစံ ပြုပြင်ပြောင်းလဲခြင်း (ဆေးလိပ်ဖြတ်ခြင်း၊ အရက်အလွန်အကျွံသောက်သုံးမှု ရှောင်ကြဉ်ခြင်း၊ အဝမလွန်အောင် ထိန်းသိမ်းခြင်း) စတဲ့ နည်းလမ်းတွေနဲ့ ကုသမှုခံယူနိုင်ပါတယ်။)
Photo Credit – freepik