News

ကိုဗစ်စည်းမျဉ်းကို ပြောင်းလဲလိုက်တဲ့ အင်္ဂလန် ပရီးမီးယားလိဂ်

ကိုဗစ်စည်းမျဉ်းကို ပြောင်းလဲလိုက်တဲ့ အင်္ဂလန် ပရီးမီးယားလိဂ်

အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်း ၂၀ မှ ကစားသမားများနဲ့ ဝန်ထမ်းများကို တနင်္လာနေ့မှ စတင်၍ ဗိုင်းရပ်စ်လက္ခဏာမပြသပါက ကိုဗစ် ၁၉ အတွက် တစ်ပတ်လျှင် နှစ်ကြိမ်စစ်ဆေးတော့မှာမဟုတ်ကြောင်း ပရီးမီယားလိဂ်ဘက်မှ အတည်ပြုခဲ့ပါတယ်။

ဇွန်လ ၂၀၂၀ မှာ ယူကေနိုင်ငံတစ်ဝန်း Project Restart ကို စတင်ခဲ့ပြီး ပထမဆုံး နိုင်ငံလုံးဆိုင်ရာ လော့ခ်ဒေါင်းချမှုကို စတင်ခဲ့တာဖြစ်ပါတယ်။ထို့နောက် ကစားသမားများနဲ့ ဝန်ထမ်းများဟာ ၎င်းတို့မသိဘဲ ဗိုင်းရပ်စ်ကို မသယ်ဆောင်ကြောင်း သေချာစေရန် အပတ်စဉ် ကိုဗစ် ၁၉ စမ်းသပ်မှု နှစ်ကြိမ်စစ်ဆေးရန် ပြုလုပ်စေခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဘက်ကတော့ အင်္ဂလန်ရဲ့ ရေရှည်မဟာဗျူအဖြစ် ဗိုင်းရပ်စ်နဲ့ အတူယှဉ်တွဲနေထိုင်ရန် အကူးအပြောင်းနဲ့အညီ မဖြစ်မနေစမ်းသပ်မှုများကို ရပ်တန့်မည်ဟု အတည်ပြုခဲ့ပါတယ်။ဒါပေမယ့်လည်း ဗိုင်းရပ်စ်လက္ခဏာများ ပြသနေတဲ့ ကစားသမားများနဲ့ ဝန်ထမ်းများကိုတော့ ဆက်လက်စစ်ဆေးသွားမှာဖြစ်ပါတယ်။ဒါ့အပြင် အခြေအနေတွေပြောင်းလဲလာတဲ့အခါ ပရီးမီးယားလိဂ်ဘက်က လမ်းညွှန်ချက်များကို ဆက်လက်လိုက်နာသွားမယ်လို့လည်း ဆိုပါတယ်။

ပရီးမီးယားလိဂ် ကလပ်အသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ ယခုနှစ်ရာသီမှာ ကြီးမားသော ကိုဗစ်ရောဂါကူးစက်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ထို့အတွက် မန်ယူအသင်းအနေနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်များကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

မန်ယူအသင်းရဲ့ မြို့ခံပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီးအသင်းကတော့ ယခုနှစ်ရာသီမှာ ကိုဗစ် ၁၉ နဲ့ပတ်သက်ပြီး ပွဲစဉ်များရွှေ့ဆိုင်းမှု မလိုအပ်ခဲ့ဘဲ တစ်ရာသီလုံးနီးပါး ပရီးမီးယားလိဂ်ပွဲစဉ်များကို ကစားနိုင်ခဲ့ပါတယ်။

Ref – manchestereveningnews

လန်ဒန်၊ ဧပြီ ၀၁ 

What to Read Next