News

【နည်းပညာ】Xiaomi 15 ကို Snapdragon 8 Elite Chip ဖြင့် ယခုလတွင် မိတ်ဆက်သွားမည်

【နည်းပညာ】Xiaomi 15 ကို Snapdragon 8 Elite Chip ဖြင့် ယခုလတွင် မိတ်ဆက်သွားမည်

ဟာဝိုင်အီ (cnet-com)

            ဟာဝိုင်အီရှိ Qualcomm ၏ Snapdragon Summit မှာ တစ်ပိုင်းလျှပ်ကူးလုပ်သူတွေက ပရီမီယံဖုန်းများအတွက် ၎င်း၏နောက်ဆုံးပေါ် ဆီလီကွန်ဗယ်လီကနေထုတ်တဲ့ Snapdragon 8 Elite ကို မိတ်ဆက်ခဲ့ပါတယ်။

            မကြာမီမှာတော့ ဒီချစ်ပ်ကို Xiaomi က ၎င်း၏ကိုယ်ပိုင် flagship Xiaomi 15 မှာ ပထမဆုံးသုံးပြီး အောက်တိုဘာလကုန်တွင် ရရှိလာတော့မည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ Xiaomi အကြီးတန်းဒုတိယဥက္ကဋ္ဌ အဒမ်ဇောင်က Snapdragon 8 Elite ဖုန်းများအတွက် ပထမဆုံးစွမ်းဆောင်ရည်အားသာချက်များကို အသေးစိတ်ဖော်ပြခဲ့ပါတယ်။

            Xiaomi 15 စီးရီးဟာ ပါဝါသုံးစွဲမှု ၂၉.၇ ရာခိုင်နူန်း လျော့ကျပြီး အမြင့်ဆုံးအပူချိန်မှာ‌ တောင် ၃ ဒီဂရီစင်တီဂရိတ် ပိုအေးစေမယ်ဆိုပါတယ်။ Qualcomm က Snapdragon 8 Elite အသစ်ရဲ့ ဘက်ထရီစွမ်းဆောင်ရည်ကို အလေးထားတဲ့အတွက် ၊ ၎င်းက ဖုန်းများရဲ့ ချစ်ပ်စွမ်းဆောင်ရည်ကိုတိုးတက်စေပုံက  ပထမဆုံးလက်တွေ့ကမ္ဘာ ဥပမာဖြစ်ပါတယ်။

            Xiaomi ဟာ  ယမန်နှစ် Snapdragon Summit တွင် ယမန်နှစ်က Snapdragon 8 Gen 3 ချစ်ပ်ဆက်သုံးသည့် ပထမဆုံးဖုန်းဖြစ်လာမည်ဟု ထုတ်ပြန်ခဲ့ဘူးပါတယ်။ ဧပြီလတွင်ထွက်ရှိခဲ့သော Xiaomi 14 Ultra ဟာ ၎င်း၏မြန်ဆန်သောအမြန်နှုန်း၊ ကောင်းမွန်သောကင်မရာများနှင့် AI အင်္ဂါရပ်များနဲ့ သုံးစွဲသူတွေကို သဘောကျစေခဲ့ပါတယ်။

မောင်သစ်

What to Read Next