နယူးယောက်(flickeringmyth)
ရပ်ဆဲလ်ခရိုးတစ်ယောက် သမိုင်းဝင်အက်ရှင်ဇာတ်ကား The Last Druid ကို ဦးဆောင်ကာ Gladiator အော်စကာဆုရှင်အနေဖြင့် ရောမအင်ပါယာကို နောက်ထပ်တစ်ကြိမ် စစ်ဆင်နွှဲရန် စီစဉ်ထားပြီး အမေရိကန်ရုပ်ရှင်ဈေးကွက်မှာ အလားအလာရှိတဲ့အတွက် ယခုလ ထဲ ဝယ်လိုသူများနေပါတယ်။
Deadline မှ ဖော်ပြထားသည့်အတိုင်းဆိုပါက အဆိုပါပရောဂျက်ကို ဝီလ်အီဘန်ခ့် (Underwater ရိုက်ကူးသူ) မှ ဒါရိုက်တာလုပ်မည်ဖြစ်ပါတယ်။
၎င်းဟာ ရပ်ဆဲလ်ခရိုးကို ရက်စက်ကြမ်းကြုတ်သော ရောမဧကရာဇ်၏ ပစ်မှတ်ထားခံရပြီးနောက် သူ၏လူများကို ကာကွယ်ရန်အတွက် လက်နက်ကိုင်ဆောင်ခိုင်းသူ ဆိတ်ငြိမ်သော Druid အမာခံနယ်မြေတွင် နေထိုင်သည့် ကယ်လီဒိုးနီးယားတောင်တန်းများရှိ ငြိမ်းချမ်းသော ဆဲလ်တစ်လူမျိုး အကြီးအကဲတစ်ဦးအဖြစ် မြင်တွေ့ ရမည်ဖြစ်ပါတယ်။
ခရိုးလ်ဟာ သဘာဝလွန်ထိတ်လန့်ဇာတ်ကား The Exorcism၊ မှုခင်းသည်းထိတ်ရင်ဖိုဇာတ်ကား Sleeping Dogs နှင့် လာမည့်ဒီဇင်ဘာ ၁၃ ရက်၌ ဖွင့်လှစ်မည့် Sony ၏ Spider-Man spinoff Kraven the Hunter တွင် မြင်တွေ့ရမည်ဖြစ်ပါတယ်။
စိုးချစ်