ကွမ်ကျိုး-နိုဝင်ဘာ-၅
၁၃၆ ကြိမ်မြောက် တရုတ်သွင်းကုန်နှင့် ပို့ကုန် ကုန်စည်ပြပွဲကို နိုဝင်ဘာလ(၄) ရက်နေ့က ကွမ်ကျိုးမြို့မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း China Media Group ရဲ့ ဖော်ပြချက်အရ သိရ ပါတယ်။
ယခုအကြိမ် ကုန်စည်ပြပွဲရဲ့ ညွှန်းကိန်းများစွာဟာ စံချိန်သစ်တင်နိုင်ခဲ့ကြောင်း ဒီသတင်းဖော်ပြချက်အရ သိရပါတယ်။ ယခုအကြိမ် ကုန်စည်ပြပွဲမှာ ပြည်ပဝယ်လက် ၂သိန်း၅သောင်းကျော်ရှိပြီး ညှိနှိုင်းမှုတွေနဲ့ ငွေပေးငွေယူမှုတွေကို တက်တက်ကြွကြွ ပြုလုပ်ခဲ့ကြကြောင်း၊ ကမ္ဘာ့စီးပွား ရေးအသိုင်းအဝိုင်းသည် တရုတ်ထုတ်ကုန်ပစ္စည်းများ အပေါ် ယုံကြည်မှုရှိခြင်း၊ တရုတ်လုပ်ငန်း ကုမ္ပဏီများအပေါ် အသိအမှတ်ပြုမှုရှိခြင်းနဲ့ တရုတ်စီးပွားရေးဖွံ့ဖြိုးမှု အပေါ် ယုံကြည်မှုရှိခြင်းတို့ကို ထင်ဟပ်စေတယ်လို့ China Media Group မှ သိရပါတယ်။
လင်းလင်း