News

【 နိုင်ငံတကာ အနုပညာ 】Guns N' Roses တီး၀ိုင်းရဲ့ အဓိကအဖွဲ့ဝင် ဒရမ်မာသမား နုတ်ထွက်လို့ တီး၀ိုင်းမှာရိုက်ခတ်မှုရှိ

【 နိုင်ငံတကာ အနုပညာ 】Guns N' Roses တီး၀ိုင်းရဲ့ အဓိကအဖွဲ့ဝင် ဒရမ်မာသမား နုတ်ထွက်လို့ တီး၀ိုင်းမှာရိုက်ခတ်မှုရှိ

နယူးယောက်(Dailymail)

ဂန္တဝင်တီးဝိုင်းမှ Guns N’ Roses ဒရမ်သမား ဖရန့်ခ်ဖာရာတစ်ယောက် ဆယ်စုနှစ် နှစ်ခုနီးပါးကြာ ပါဝင် ခဲ့ပြီးနောက် ထွက်ခွာသွားလို့ အဖွဲ့မှာ လှုပ်ခတ်သွားခဲ့ပါတယ်။

အဆိုပါအဖွဲ့သည် ဗုဒ္ဓဟူးနေ့က Instagram တွင် ၎င်း၏ ထွက်ခွာသွားမှုကို ‘ခင်မင်ရင်းနှီးစွာ’ ထွက်ခွာ မှု အဖြစ် ဖော်ပြခဲ့ပါတယ်။

အသက် ၅၆ နှစ်အရွယ် ဖာရာသည် ၂၀၀၆ ခုနှစ်တွင် ထိုအဖွဲ့သို့ဝင်ရောက်ခဲ့ပြီး ၁၉၈၅ခုနှစ် စတင်က တည်းက ယခုဒရမ်သမားအပါအဝင်စုစုပေါင်းခြောက်ယောက်ဖြင့် ဖြတ်သန်းခဲ့တဲ့အဖွဲ့အတွက် ဖာရာဟာ အကြာ ရှည်ဆုံးပါဝင်ခဲ့တဲ့ ဒရမ်သမားဖြစ်ပါတယ်။

‘လွန်ခဲ့သည့် ၁၉ နှစ်အတွင်း ၎င်း၏ ဖော်ရွှေရင်းနှီးမှု၊ တီထွင်ဖန်တီးမှုနှင့် ခိုင်ခိုင်မာမာ တည်ရှိမှုတို့အတွက် ဖရန့်ခ်အား တေးဂီတအဖွဲ့မှ ကျေးဇူးတင်ရှိပြီး ၎င်း၏ ဂီတခရီး နောက်ထပ်အခန်းတစ်ခန်းမှာ အောင်မြင်ပါစေ ကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်’လို့ ဖော်ပြခဲ့ပါတယ်။

ဖရန့်ခ်ဟာ ၂၀၀၆ခုနှစ်ဇွန်လတွင် ရှိုးတစ်ခုအတွင်း Guns N’ Roses အဖွဲ့မှာ စတင်ပါခဲ့ပြီး နောက်ဆက်တွဲ ခရီးစဉ်များအတွင်း ရစ်သမ်အပိုင်းကို ကူညီပေးခဲ့သလို Axl Rose၊ Slash နှင့် Duff McKagan တို့ ပြန်လည်ဆုံ စည်းသည့် သုံးယောက်ပါဝင်သော ၎င်းတို့၏ မကြာသေးမီက ဖျော်ဖြေပွဲများမှာလည်း ပါဝင်ခဲ့ပါတယ်။

Guns N’ Roses တီးဝိုင်းနှင့် သူ၏နောက်ဆုံးရှိုးပွဲကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၅ ရက်က မက္ကဆီကိုမှာ ကျင်းပခဲ့ပါတယ်။

စိုးချစ်

What to Read Next