အင်ဂိုလာနိုင်ငံသမ္မတ Joao Lourenco ဟာ စန်းတုန်းပြည်နယ် ကျီနန်မြို့မှာ China Media Group သတင်းဌာနနဲ့ “အဆင့်မြင့်တွေ့ဆုံမေးမြန်းမှု” ကို သီးသန့် ဖြေကြားခဲ့ပါတယ်။ Joao Lourenco ဟာယခုနှစ်တွင် အစည်းအဝေးနှစ်ရပ်ပြီးနောက် တရုတ်နိုင်ငံကိုလာရောက်တဲ့ ပထမဆုံးနိုင်ငံခြား ခေါင်းဆောင်ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀ ကျော်အတွင်း တရုတ်နိုင်ငံကို အကြိမ်များစွာလာရောက်ဖူးတဲ့ Joao Lourenco ဟာ တရုတ်နိုင်ငံက အစဉ်အမြဲတိုးတက်နေပြီး ကမ္ဘာကြီးကိုအံ့အားသင့်ဖွယ်ရာများ အဆက်မပြတ် သယ် ဆောင်လာပေးလို့ အံ့အားသင့်နေမိပါတယ်။ စက်မှု၊ စိုက်ပျိုးရေးပြည်နယ်ကြီး ဖြစ်တဲ့ စန်းတုန်းပြည်နယ်ကို ရောက်ရှိစဉ်မှာတော့ Joao Lourenco ဟာ စန်းတုန်းပြည်နယ် စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီ နှင့် ကုမ္ပဏီ သို့သွား ရောက်လည်ပတ်၍ အင်ဂိုလာနိုင်ငံ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းခေတ်မီမှုအတွက် ပိုမိုများတဲ့ တရုတ်နိုင်ငံအတွေ့အကြုံများကို ရှာဖွေခဲ့ပါတယ်။ အဲဒီနေ့မှာ Zibo အကင်ကလည်း သူ့ကိုအမှတ်ရစေပါတယ်။ အင်ဂိုလာနိုင်ငံမှာ နှစ်ဆယ်ချီကြာပြည်တွင်းစစ်ကို ကြုံတွေ့ခဲ့ရပြီး သူက ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဘယ်လိုနက်နက်ရှိုင်းရှိုင်း အတွေးအမြင်တွေ ရှိပါသလဲ။ အင်တာဗျူးကို ကြည့်လိုက်ရအောင်။
What to Read Next
Most Popular News
Most Popular Opinion
Education
- 3 mins read
Political
- 4 mins read