လူသားတွေကို အကျိုးပြုနေတဲ့ တိရစ္ဆာန်လေးတွေထဲမှာ ဇီဝဇိုးငှက်ကလေးတွေလည်း အပါအဝင်ပါပဲ။ ဇီဝဇိုးငှက်ကလေးတွေဟာ ပင်လယ်ထဲက ကျွန်းစုတွေမှာ သဘာဝအတိုင်း ကျင်လည်ကျက်စားကြတာဖြစ်ပါတယ်။ ယခုအခါမှာ မြိတ်ကျွန်းစုကနေ ကုန်းတွင်းပိုင်းဒေသတွေဆီကို ပြောင်းရွှေ့လာတဲ့ ဇီဝဇိုးငှက်လေးတွေ ရှိလာပါတယ်။လူတွေက သူတို့ကို တခမ်းတနားနဲ့ ကြိုဆိုပြီး တယုတယ မွေးမြူနေကြပါပြီ။ ဇီဝဇိုးငှက်ကလေးတွေရဲ့ ငှက်သိုက်ဟာ လူတွေအတွက် ဆေးဖက်ဝင် အစာအာဟာရတစ်မျိုးဖြစ်ပါတယ်။ကျန်းမာရေးအကျိုးကျေးဇူးများစွာပေးတဲ့ ငှက်သိုက်ရဲ့ ပြည်တွင်း၊ ပြည်ပဈေးကွက်ကလည်း အထူးကောင်းမွန်လာတဲ့အတွက် မြန်မာနိုင်ငံက ကုန်းတွင်းပိုင်းဒေသတော်တော်များများမှာ ဇီဝဇိုးငှက်မွေးမြူရေးလုပ်ငန်းတွေ ပိုမိုတွင်ကျယ်လာပါတယ်။ သဘာဝသယံဇာတတစ်ခု ဖြစ်လာတဲ့ ဇီဝဇိုးငှက်လေးတွေ ရှင်သန်ကျက်စားပုံ၊ တယုတယမွေးမြူရတဲ့ အခြေအနေများနဲ့ ငှက်သိုက်စီးပွားရေးဈေးကွက်အကြောင်းကို Opinion Leaders Media ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။
Most Popular Opinion
Education
- 3 mins read
Political
- 4 mins read