News

အဆစ်အမြစ်ကိုက် ဂေါက်ရောဂါရှိတယ်၊ ဆေးတွေသောက်နေရင်းနဲ့ ဘာလို့ခဏခဏပြန်ဖြစ်နေတာလဲ ?

အဆစ်အမြစ်ကိုက် ဂေါက်ရောဂါရှိတယ်၊ ဆေးတွေသောက်နေရင်းနဲ့ ဘာလို့ခဏခဏပြန်ဖြစ်နေတာလဲ ?

အဆစ်အမြစ်ကိုက် ဂေါက် (Gouty Arthritis) ဆိုတာကတော့ သွေးတွင်း ယူရစ်အက်ဆစ်ဓာတ် များခြင်းကြောင့် အဆစ်တွေမှာ ယူရစ်အက်ဆစ်များ စုပုံပြီး အဆစ်တွေ ရောင်ရမ်းပြီး ကိုက်ခဲမှုဖြစ်စေတဲ့ ရောဂါဖြစ်ပါတယ်။

ဂေါက်ရောဂါကို ဆေးသောက်နေပေမယ့် ခဏခဏပြန်ဖြစ်ရတဲ့ အကြောင်းအရင်းတွေက‌တော့

–    အစားအသောက် အနေအထိုင် ပြုပြင်မှုမရှိခြင်း
–    ယူရစ်အက်ဆစ်ချသော ဆေးဝါးများ သုံးစွဲမှု မရှိခြင်း
–    သွေးတွင်း ယူရစ်အက်ဆစ်ချ‌ဆေး‌တွေ‌ သောက်ပေမယ့် လုံလောက်တဲ့ ‌ပမာဏ မရောက်သေးခြင်း စတဲ့ အချက်တွေကြောင့် ဂေါက်ရောဂါ မကြာခဏပြန်ဖြစ်စေပါတယ်။

ဂေါက်ရောဂါရှိသူတွေအနေနဲ့လိုက်နာသင့်တဲ့ အချက်တွေကတော့
–    အူ၊ ကလီစာ စတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပါ။
–    အနီရောင်အသားတွေဖြစ်တဲ့ (ဝက်သား၊ အမဲသား၊
သိုးသား၊ ဆိတ်သား) စတာတွေ စားသုံးခြင်းကို ရှောင်ကြဉ်ပါ။
–    တာရှည်ခံအောင် ပြုလုပ်ထားသော ဝက်ပေါင်ခြောက်၊ ကြက်အူချောင်း စတာတွေကို ရှောင်ကြဉ်ပါ။
–    ပင်လယ်စာများ စားသုံးခြင်းကို ရှောင်ကြဉ်ပါ။
–    မှို၊ ကညွတ်၊ ဟင်းနုနွယ် စတဲ့ ယူရစ်အက်ဆစ်‌များစေသော အစားအစာများကို ရှောင်ကြဉ်ပါ။
–    အရက်၊ ဘီယာ သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။
–    ချိုလွန်းသော အစားအစာများ၊ အချိုရည်များသောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။
–    ရေများများသောက်ပါ။
–    ကော်ဖီသောက်ခြင်းဟာ ယူရစ်အက်ဆစ်ကို လျှော့ချပေးနိုင်တာဖြစ်လို့ ကော်ဖီအသင့်အတင့် သောက်သုံးနိုင်ပါတယ်။
–    ချယ်ရီသီး၊ ဗီတာမင် စီ စားသုံးနိုင်ပါတယ်။
–    အဝမလွန်‌အောင် ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။
–    ဆရာဝန် ညွှန်ကြားချက်အတိုင်း ယူရစ်အက်ဆစ်‌ လျှော့ချပေးသော ဆေးဝါးကို ပုံမှန်သောက်သုံးပါ။
–    ယူရစ်အက်ဆစ်ကို‌ လျှော့ချပေးတဲ့ ဆေးသောက်နေပေမယ့် သွေးတွင်း ယူရစ်အက်ဆစ်ပမာဏကို လျှော့ချဖို့ လိုအပ်တဲ့ပမာဏ မရောက်တဲ့အခါ ဆေးပမာဏ တိုးသောက်ဖို့ လိုနိုင်တာဖြစ်လို့ ဆရာဝန်နဲ့ ပုံမှန်ပြသ စစ်ဆေးကုသမှု ခံယူပါ။

Photo Credit – freepik

What to Read Next