News

အစာအိမ်ရောင်တဲ့သူတွေက ဘယ်လိုအစားအစာတွေ ရှောင်ရမလဲ ? ၊ ဘယ်လိုပြုမူနေထိုင်သင့်သလဲ ?

အစာအိမ်ရောင်တဲ့သူတွေက ဘယ်လိုအစားအစာတွေ ရှောင်ရမလဲ ? ၊ ဘယ်လိုပြုမူနေထိုင်သင့်သလဲ ?

အစာအိမ်ရောင်တယ်၊ စားချဉ့်ပြန်တယ် ဆေးတွေသောက်နေတာပဲ မသက်သာဘူး၊ ပြန်ပြန်ဖြစ်တယ်ဆိုရင်တော့ ဆေးဝါးတွေအပြင် အစားအသောက် အနေအထိုင်ပြုပြင်မှုတွေရော ရှိရဲ့လားဆိုတာ ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။

အစာအိမ်ရောင်ခြင်း မကြာခဏပြန်ဖြစ်ကြတဲ့ လူအများစုဟာ အစားအသောက်အနေအထိုင် မှားယွင်းခြင်းကြောင့်ဖြစ်ပါတယ်။

ဒါကြောင့် အစာအိမ်ရောဂါရှိသူတွေအ‌နေနဲ့ ဆေးဝါးတစ်ခုထဲမဟုတ်ဘဲ အစားအသောက်အနေအထိုင်ပါ ပြုပြင်ပြောင်းလဲဖို့ အရေးကြီးပါတယ်။

အစာအိမ်ရောင်တဲ့သူတွေ၊ စားချဉ့်ပြန်ခြင်းဖြစ်တဲ့သူ‌တွေ ရှောင်ကြဉ်သင့်တာတွေကတော့

၁။ အပူ၊ အစပ်၊ ငရုတ်သီး စတာတွေကို ရှောင်ကြဉ်ဖို့ လိုပါတယ်။

၂။ ဆီများလွန်းသော၊ ဆီကြော်စာများကို ရှောင်ကြဉ်ပါ။

၃။ အက်ဆစ်ဓာတ်များလွန်း‌သော အသီးအနှံများ (ဥပမာ – သံပုရာသီး၊ ခရမ်းချဉ်သီး၊ အသီးဖျော်ရည်များ) ကို ရှောင်ကြဉ်ပါ။

၄။ ချဉ်လွန်းသော အစားအစာများ၊ အချဉ်ဖောက်ထား‌သော၊ အချဉ်စိမ်ထားသော အစားအစာများကို ရှောင်ကြဉ်ပါ။

၅။ ဂက်စ်ပါသော ဖျော်ရည်များ၊ အားဖြည့်အချိုရည်များ စတာတွေ သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။

၆။ အရက်၊ ဘီယာသောက်ခြင်းကို ရှောင်ကြဉ်ပါ။

၇။ ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်း၊ လက်ဖက် စတဲ့ အစားအစာများကို ရှောင်ကြဉ်ပါ။

၈။ အကိုက်အခဲပျောက်ဆေးများ သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။

အစာအိမ်ရောဂါရှိသူတွေအနေနဲ့အစားအသောက်အပြင် နေထိုင်မှုပုံစံ ပြုပြင်ပြောင်းလဲဖို့လည်း လိုအပ်ပါတယ်။

– အစာကို အချိန်မှန်မှန်စားပါ။

– အစာကို တစ်ခါတည်း အများကြီးစားတာမျိုး မလုပ်ဘဲ နည်းနည်းနဲ့ မကြာမကြာစားပေးပါ။

– အစာစားချိန်မှာ အစာကို ကြေညက်အောင် ဝါးစားပါ။

– ညအိပ်ခါနီးမှ အစားစားတာမျိုးကို ရှောင်ကြဉ်ပါ။

– ညအိပ်ချိန်မှာ ခေါင်းရင်းပိုင်းကို နည်းနည်းပိုမြှင့်ထားပေးပါ။

– ဆေးလိပ်သောက်ပါက ဆေးလိပ်ဖြတ်ပါ။

– အဝမလွန်အောင် ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

– စိတ်ဖိစီးမှုများခြင်းကို လျှော့ချပါ။

Photo Credit – freepik

What to Read Next