News

ကမ်းခြေမှာ ဓာတ်ပုံရိုက်မလား

ကမ်းခြေလို နေရာမျိုးတွေရောက်ရင် ပင်လယ်ပြင်ကြီးကို နောက်ခံထားပြီး အမှတ်တရ ဓာတ်ပုံလှလှလေးတွေ ရိုက်ချင်တဲ့သူတွေရှိကြပါတယ်။ ကမ်းခြေရှုခင်းအလှတွေနဲ့အတူ အလှဓာတ်ပုံရိုက်ချင်တဲ့သူတွေအတွက် ဒေသခံ ကလေးငယ်တွေက ဝန်ဆောင်မှုပေးနေတာလည်းရှိပါတယ်။တကယ့်ကင်မရာမန်းတွေလိုပဲ သူတို့ရဲ့ ဓာတ်ပုံရိုက်ပေးတဲ့ အနုပညာကလည်း အခုနောက်ပိုင်းမှာ ခရီးသွားတွေကို အကြိုက်တွေ့စေပါတယ်။ အဲဒီလို ခရီးသွားတွေအတွက် အလှဓာတ်ပုံရိုက်ပေးနေသူတွေထဲမှာ ဒေသခံကလေးငယ်နှစ်ဦးဖြစ်တဲ့ မှူးသခင်နဲ့ နှင်းပန်းပွင့်တို့ နှစ်ဦးလည်းအပါအဝင်ဖြစ်ပါတယ်။သူတို့နှစ်ဦးဟာ ဝင်ငွေရှာတဲ့ နည်းလမ်းအဖြစ် ခရီးသွားတွေကို ဓာတ်ပုံရိုက်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေကြတဲ့အကြောင်းကို ယခုတစ်ပတ်မှာ Opinion Leaders Media ပရိသတ်ကြီးအတွက် တင်ဆက်ပေးထားပါတယ်။

What to Read Next