နယူးယောက်(Hello)
နှစ်နှစ်ကြာတဲ့အထိ ခံစားမှုတွေကို မမေ့နိုင်တဲ့အတွက် အဒဲလ်ဟာ သူမနေထိုင်တဲ့လာစ်ဗီးဂတ်ကို စွန့်ခွာဖို့ပြင်ဆင်နေပြီး ထိုအချိန်တွေက ဗြိတိန်စူပါစတားအတွက် လေးနက်သော စိတ်ခံစားမှုတစ်ခုဖြစ်နေတဲ့ ကာလဖြစ်ခဲ့ပါတယ်။
ရှိုးပွဲအနည်းငယ်သာကျန်တော့တဲ့ Hello သီချင်းရဲ့ အဆိုတော်က သူမရဲ့ ခံစားချက်တွေကို ပရိသတ်တွေကိုပြောပြခဲ့ပြီး သူမဘဝရဲ့ ထူးခြားတဲ့အခန်းကို စွန့်လွှတ်ဖို့ ရုန်းကန်နေရကြောင်း ဝန်ခံခဲ့ပါတယ်။
နိုဝင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့က အသက် ၃၆ နှစ်ရှိ အဒဲလ်ဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ လကတည်းက သူမနေထိုင်ရာဆီဇာနန်းတော် (Caesars Palace) ရှိ Colosseum မှာ သူမ၏ပရိသတ်များအား စကားပြောဆိုခဲ့ပါတယ်။
“ဒါက တကယ်ပဲ အဆုံးရဲ့အစပဲ” လို့ သူမက ဖွင့်ဟခဲ့ပါတယ်။
“တခြားတိုက်ပွဲဝင်စရာရှိုးပွဲတွေ မရှိဘူး။အံအားသင့်စရာပါဘဲ၊ ဒါက အဆုံးပဲ။”
သူမရဲ့ နှုတ်ထွက်စကားဟာ သူမရဲ့ ချိုမြိန်တဲ့ နှုတ်ဆက်ခြင်းနဲ့ အခိုက်အတန့်ရဲ့အတိုင်းအဆကို ခံစားရနိုင်တဲ့ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။
အနုပညာရှင်က သူမ၏ ဒီမှာနေထိုင်ခွင့် နိဂုံးချုပ်ခါနီးမှာ “တကယ်ဝမ်းနည်းမိပါတယ်လို့ ” သူမက ဝန်ခံခဲ့ပါတယ်။
အဒဲလ်ရဲ့ အိုင်ဒေါလ်ဖြစ်တဲ့ စီလင်းဒီယွန်ဟာ သူမရဲ့ ဖျော်ဖြေပွဲတစ်ခုကို တက်ရောက်ခဲ့လို့ သူမအတွက်ကြည်နူးစရာဖြစ်ခဲ့ပါတယ်။ စီလင်းဟာ လာစ်ဗီးဂတ်မှာနေထိုင်ရန် အစပိုင်းက တည်ဆောက်ခဲ့တဲ့ Colosseum မှာ ဖျော်ဖြေခြင်းဟာ အဒဲလ်အတွက် အိမ်မက်တစ်ခုပါဘဲ။
သူမဟာ စင်မြင့်အနီးတွင် စီလင်း၏ပုံတစ်ပုံကို သိမ်းဆည်းထားပြီး ဖျော်ဖြေပွဲတိုင်းမှာ ကံကောင်းစေရန်အတွက် ပုံကိုအမြဲထိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
စိုးချစ်