News

【 ပြည်တွင်း 】မြန်မာ့ရိုးရာသင်္ကြန်ပွဲ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပဏာမစာရင်းမှာ ပါလာ

【 ပြည်တွင်း 】မြန်မာ့ရိုးရာသင်္ကြန်ပွဲ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပဏာမစာရင်းမှာ ပါလာ

မန္တလေး ၊ နို၀င်ဘာ ၀၈

ယူနက်စကိုကနေထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပဏာမစာရင်းထဲမှာ မြန် မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် ပါ၀င်လာတယ်လို့ ရှေးဟောင်းသုတေသနနှင့်အမျိုး သားပြတိုက်ဦးစီးဌာန သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

တင်ပြထားကြတဲ့အဆိုပြုစာတွဲတွေအနက် ယူနက်စကိုရဲ့ပဏာမအဆုံးအဖြတ်မှာ အမွေအနှစ်စာရင်းအဖြစ် သတ်မှတ်မယ့်အဆိုပြုစာတွဲတွေထဲ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်စာတွဲ ပါ၀င်လာတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်ပြီးတော့လည်း ရှေးဟောင်းသုတေသနပညာရှင်ဦးကျော်မျိုး၀င်းက သူ့ရဲ့ Facebook လူမှုကွန်ရက်ပေါ်ကနေ အသိပေးထားတာမှာ ဒီလိုပဏာမစာရင်းဝင်ပြီးသွားရင် ရဖို့သေချာသလောက်ရှိသွားပြီလို့ ဆိုထားပါတယ်။

အပြီးသတ်အဆုံးအဖြတ်ကိုတော့ ၂၀၂၄ ခုနှစ်ဒီဇင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ပါရာဂွေး နိုင်ငံ အာဆွန်စီယွန်မြို့မှာကျင်းပမယ့် (၁၉) ကြိမ်မြောက်ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီ လာခံမှာ တရားဝင်ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ယူနက်စကိုရဲ့ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်စာရင်းဝင်နိုင်ရေးတင်သွင်းခဲ့တဲ့ ဗီဒီယိုဖိုင်တွေကို Living Myanmar Media Group, Myanmar Cultural Heritage Trust, KoHein Vlogs နဲ့ အခြားသောလူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြုစုခဲ့ကြတာပါ။

လင်းလင်း

What to Read Next