Opinion

ကြက်ဥတွေအားလုံးကို တစ်ခြင်းတည်း မထည့်ပါနဲ့

ကြက်ဥတွေအားလုံးကို တစ်ခြင်းတည်း မထည့်ပါနဲ့

တန့်နေသည့် မြန်မာ့စီးပွားရေးကို ပြန်လှုပ်ရှားသွက်လက်လာအောင် အစိုးရပိုင်းက အားစိုက်လုပ်ဆောင်နေသည့် အချိန်တွင် တည်ငြိမ်စပြုနေသည့် ရခိုင်မြောက်ပိုင်း၌ ရခိုင်လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ပြီး မကြာသေးမီက ပြည်နယ်ဝန်ကြီးအချို့အား နုတ်ပယ်ခဲ့ရမှု၊ လွှတ်တော်ကိုယ်စားလှယ်အချို့ကို ပါတီမှ ထုတ်ပယ်ခဲ့ရမှုများလည်း ရှိခဲ့ပါတယ်။ထိုအခြေအနေက အစိုးရ အားစိုက်လုပ်ဆောင်နေသည့် ပြည်တွင်းစီးပွားရေး တည်ငြိမ်မှုနှင့် ပြည်ရင်းနှီးမြုပ်နှံမှု တိုးတက်စေရန် လုပ်ဆောင်နေမှုများအပေါ်  ရိုက်ခတ်မှု မည်မျှရှိသည်ကို နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ်နှင့် ဝါရင့်စီးပွားရေးပညာရှင် ဆရာ ဒေါက်တာအောင်ထွန်းသက် ကို မေးမြန်းခဲ့ပါတယ်။ဆရာ ဒေါက်တာအောင်ထွန်းသက် ရဲ့ ရှုမြင်သုံးသပ်ချက် အပြည့်အစုံကို ယခုတစ်ပတ်အတွက် အထူးအစီအစဉ်အဖြစ် မေးမြန်းဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders ။     ။ မကြာခင်က အစိုးရအဖွဲ့ကနေ ကချင်ပြည်နုယ်မှာ ဝန်ကြီးတွေကို နှုတ်ထွက်ခိုင်း ထားတာတွေ၊ NLD ပါတီက မင်္ဂလာဒုံလွှတ်တော်ကိုယ်စားလှယ်ကို ပါတီကထုတ်ပယ်တာတွေ၊ ဝန်ကြီးချုပ် တစ်ဦး နဲ့ပတ်သက်ပြီး ဒီ/ချုပ်ပါတီက ပြောတာဆိုတာတွေ အဲ့ဒါတွေအကုန်လုံးက အခုလတ်တလောမှာ AA နှိမ်နှင်းရေးအပေါ် ဒေါ်စုမှာကြားတာနဲ့ပတ်သက်ပြီး တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ ပြောတာတွေ စတဲ့ ဒီလိုမျိုးဖြစ်တဲ့အနေအထားတွေက အာဏာရပါတီကို ပိုပြီးတော့ အင်အားချိနဲ့စေတာလား၊ ပိုပြီးတော့ သန့်စင် စေတာလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ နှစ်ပိုင်းပေါ့လေ၊ ဒီကိစ္စကို ဆရာတို့ကြည့်တဲ့အခါမှာ ခုနလိုအချင်းချင်း ပြောတာဆိုတာတွေကလေ သတင်းစာတွေမှာ တွေ့ရတာက ကိုယ့်ပါတီအချင်းချင်းမှာ ပြောနေသလား အ တိုက်အခံပါတီက ပြောနေတဲ့ ပုံစံများလားလို့ ရှိတာပေါ့ ။စဉ်းစားနိုင်တယ်ပေါ့နော်၊ ဒီကိစ္စကို ဆရာ တို့သုံး သပ်တဲ့အခါမှာ နှစ်မျိုး သုံးသပ်လို့ရတာပေါ့နော် တစ်ပိုင်းကတော့ ဆရာတို့ ပါတီသန့်ရှင်းရေး၊ ဒီစည်းမျဉ်း စည်းကမ်းနဲ့ မလိုက်နာတဲ့သူတွေကို ဆရာတို့ ဟိုရှင်းပေးတယ်။ ဒီလိုရှင်းပေးတယ်ဆိုတာ ပါတီအတွက် ကောင်းတယ်လို့ မြင်နိုင်တာပေါ့နော်၊ ကျောသားရင်သားမခွဲဘူး၊ တာဝန်ကျေမှုမရှိဘူးဆိုရင် မရှိတဲ့အတိုင်း အရေးယူမယ် ဆိုတာ ဒါကောင်းတဲ့ အစဉ်အလာတစ်ခုပါ၊ ဒါနဲ့ပတ်သက်လို့ကတော့ ဆရာထင်တယ်၊ ပါတီ တိုင်းလုပ်ရမှာပဲလေ။ ကိုယ်သတ်မှတ်ထားတဲ့ မူဘောင်အတွင်း မဆောင်ရွက်နိုင်ရင် မကျင့်သုံးနိုင်ရင် ပါတီ အတွက် သိက္ခာလည်း ကျတယ်၊ ပါတီရဲ့ Image ပေါ့နော်၊ ရုပ်ပြလည်းမကောင်းဘူး၊

ဒါတွေက တစ်ဖက်က အကောင်းဘက်ကကြည့်ရင်၊ တစ်ဖက်ကလည်း ကြည့်ရင် စိတ်ပူစရာကတော့ ဒါတွေခဏခဏ တစ်နေရာလည်း မဟုတ်ဘူး၊ ဟိုနားဖြစ်လိုက် ဒီနားဖြစ်လိုက်လို့ပြောရင် ဒါကို အတိုက်အခံ တွေအတွက် လက်နက်တစ်ခုရသလိုဖြစ်သွားမယ်၊ ဒါကိုဝေဖန်စရာတွေဖြစ်လာတယ်၊ ဒီလိုတွေ ဒီလိုအရေးယူ တယ်ဆိုတာ ဘာညာ လူသိထင်ရှားဖြစ်တာကိုး၊ သူတို့ကလည်း ဒီလိုငြိမ်နေမှာ မဟုတ်ဘူးလေ၊ သူတို့ကလည်း ထောက်ပြမှာလေ၊ ဒီလူတွေဒီလိုဖြစ်တယ် ဥပမာ ဧရာဝတီတိုင်းမှာ လွှတ်တော်ဒုတိယဥက္ကဋ္ဌ အဲ့ဒီလို ဖြစ်တယ် ဆိုတာ နေရာတိုင်းလိုလိုပေါ့၊ အဲဒီလိုဖြစ်လာတာက တစ်ဖက်ကကြည့်ရင် အလားအလာမကောင်းဘူးပေါ့၊ အဲ့ဒီ တော့ တစ်ခုပဲ ပြည်သူတွေက ဘယ်လိုမြင်လဲ အဲ့ဒီအပေါ်မှာပေါ့၊ မီဒီယာက ဒါကိုဘယ်လိုသုံးသပ်မလဲပေါ့နော်၊ အဲ့ဒီတော့ မီဒီယာသုံးသပ်ချက်ပေါ်မူတည်ပြီးတော့ ပြည်သူတွေရဲ့ အထင်အမြင်ပေါ့ သဘောထားကလည်း ကိုယ့်ရဲ့လွတ်လွတ်လပ်လပ် သဘောထားတည်ဆောက်တဲ့ သူတွေရှိသလို သူများပြောတဲ့ Social Media ကနေ တစ်ဆင့် နားယောင်တဲ့သူကလည်း ရှိတာကိုး။အဲ့ဒီတော့ ဆရာတို့အနေနဲ့ အခုထိမသေချာသေးတာ ဒီရလဒ်တွေအားလုံးဟာ အဆိုးဘက်လား အကောင်းဘက်လား ပေါ့နော်၊ ဘာကြောင့်လဲဆိုတော့ ဆရာထင် တာတော့ ကြည့်ရတာ ဒါကနိုင်ငံရေးနဲ့ပတ်သက်လာရင် သုံးသပ်ရင် ဘာဖြစ်ဖြစ်ထောက်ခံမယ့်သူတွေရှိတယ်၊ ဘာဖြစ်ဖြစ်ကန့်ကွက်မယ့်သူတွေရှိတယ်၊ အဲ့ဒီနှစ်ပိုင်းက ရှိနေသလို အလယ်မှာရှိနေတဲ့ သူတွေလည်းရှိတယ်၊

အဲ့ဒီတော့ ဆရာတို့လုပ်တဲ့အလုပ်က ခုနမေးတဲ့မေးခွန်းမှာ လုပ်တဲ့ လုပ်ရပ်တွေဟာ အလယ်ကလူတွေ ကို ဘယ်လိုထိပါးမလဲပေါ့၊ ဘာလို့ဆိုတော့ အလယ်ကလူတွေက ဆုံးဖြတ် ပေးမှာပေါ့လေ၊ ဘာကြောင့်လဲဆို တော့ ကိုယ့်ကိုထောက်ခံတဲ့သူတွေက ဒီအခြေအနေတွေအားလုံး အကောင်းပဲ မြင်ပြီးတော့ပြောမှာ၊ ကိုယ့်ကို ကန့်ကွက်တဲ့သူတွေကလည်း ဒီအခြအနေကို အခွင့်အရေးယူပြီး အဆိုးကို ပြောမယ်လေ၊ အဲ့ဒီနှစ်ခုကြားမှာ ဆရာထင်တယ် Opinion ပေ့ါ၊ အဲ့ဒီတော့ ဒီ သဘောထားတွေကို ပြောင်းလဲမှုဖြစ်တာက အလယ်ပိုင်းလေ၊ ဟိုဘက်ဒီဘက်မဟုတ်တဲ့သူတွေကို ဆရာတို့ဘယ်လိုစွဲဆောင်မလဲ။ ဒီနေရာမှာ ဆရာထင်တယ်၊ အမေရိကန် နိုင်ငံရေးအနေအထားကိုကြည့်ရင် သူတို့မှာပြောတဲ့ Base ပေါ့လေ၊ ထရန့်ကို ဘယ်လောက်အထိဘာပြောပြော၊ ဘယ်သူတွေ ဘယ်လောက်အထိ ဝေဖန်ဝေဖန် အပြည့်အ၀ ထောက်ခံတဲ့သူတွေက ရှိနေတယ်၊ ပြီးတော့မှ သူ့ကိုလုံးဝလက်မခံတဲ့သူတွေလည်းရှိနေတယ်၊ အဲ့ဒီတော့ အခု သူတို့ရင်ဆိုင်နေရတာ လွန်ဆွဲနေရတာက အလယ်ကလူတွေကို ဘယ်လိုစည်းရုံးမလဲ ။ အလယ်ကလုံး၀ ထောက်ခံတာလည်းမဟုတ်ဘူး၊ လုံး၀ ကန့်ကွက် တာလည်းမဟုတ်ဘဲနဲ့ အခြေအနေပေါ်မူတည်ပြီးတော့မှ ဆုံးဖြတ်မယ်၊ အကြောင်းအရာတွေအပေါ်မှာ အကြောင်းအချက်တွေပေါ်မှာမူတည်ပြီးတော့ ဆုံးဖြတ်တဲ့သူတွေကို ဆရာတို့ ဘယ်လိုလွှမ်းမိုးနိုင်မလဲဆိုတာ ဆရာတို့ စဉ်းစားရမှာပေါ့။ ကိုယ့်အနေနဲ့ ဆရာထင်တယ် ပါတီအနေနဲ့ကတော့ ဒါကို မဟာဗျူဟာချဖို့ လို လိမ့်မယ်လို့အောက်မေ့တယ်။ ဒီဖြစ်တဲ့ဟာ တွေကို Positive ပေါ့နော်၊ ဒါတွေက သန့်ရှင်းရေးလုပ်တာ ဒီလူအပြစ်ရှိရင် အပြစ်ရှိသလိုအရေးယူတယ် ဆိုတာမျိုးကို များများပြောနိုင်ဖို့ လိုလိမ့်မယ်လို့ အောက်မေ့တယ်၊ မဟုတ်ရင် ဒီဘက်ကလည်း ဒါကို အခွင့်အရေးယူမှာပဲလေ၊ ဒါနိုင်ငံရေးကိုး မဟုတ်ဘူးလား၊ သူတို့ဘက်ကတော့ ထောက်ပြမှာပဲ၊ သူတို့ကတော့ ဒါဟာ ဒါကြီးပါလားနော်၊ ဒီလိုတွေ တာဝန်မကျေဘူး၊ ဒီလူတွေမှာ ဘာဖြစ်တယ် အပြစ်ရှိတယ် ဘာညာဆိုတာကို မပြောရင်တောင် အံ့သြစရာဖြစ်မယ်။ ဟုတ်တယ်နော်၊ ပြောကြရမှာလေ၊ ပြော ရမှာက ဒါကအခွင့်အရေးတစ်ခု၊ အဲ့ဒီလိုစဉ်းစားလို့ရပါတယ်လို့ ဆရာထင်တယ်။

Opinion Leaders ။     ။ နောက်တစ်ခုက ဆရာ နိုင်ငံရေးနဲ့ပါပဲဆရာ၊ လက်ရှိမှာ ရခိုင်က AA နဲ့ပတ်သက်ပြီး သူတို့ဘက်က ARSA နဲ့ လုပ်တာတွေက တစ်ချို့ဟာတွေက သွားချိတ်နေတယ်၊ ဒီလိုမျိုးလုပ်တဲ့အတွက်ကို ဆရာ တို့ ပြန်ပြီးတော့ ပြန်လည်နေရာချထားရေးတို့ ဘင်္ဂါလီတွေ ပြန်ဝင်လာဖို့ကိစ္စတွေ၊ နောက်တစ်ခုက ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ ပတ်သက်တဲ့ဟာတွေက ဒီလိုမျိုးအခြေအနေကြောင့် ပိုပြီး နှောင့်နှေးသွား နိုင်လား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဆရာထင်တယ် ဒီလိုပေါ်လာတဲ့ကိစ္စ၊ ၄ ရက်နေ့ ပေါ်လာတဲ့ကိစ္စ ရခိုင်ပြ ဿနာသည် နိုင်ငံခြားတွေက မေးသလို လွယ်လွယ်ကူကူ ပြဿနာမဟုတ်ဘူးလေ။ ဟုတ်တယ်မဟုတ်လား၊ အဲ့ဒီတော့ လူတွေ အပြတ်ရှင်းတာ ဘာညာ အဲ့လို သူတို့နားလည်တာ အဲ့ဒီလိုနားလည်တာ၊ အဲ့ဒီမှာ ရှုပ်ထွေးမှု တွေက complexity ပေါ့နော်၊ ရှုပ်ထွေးမှုတွေ၊ ရှုပ်ထွေးမှုတွေထဲမှာ အခြေခံအားဖြင့် လူမျိုးမတူတာတွေရှိတယ်၊ ဘာသာမတူတာတွေရှိတယ်၊ ဒါတွေက ရှိတယ်။ ဒါပေမဲ့ ခုနပြောတဲ့ ကျောက်ဖြူဆိုတဲ့ကိစ္စကလည်း geopolitics ပေ့ါ၊ ဟို စီးပွားရေးနဲ့ပတ်သက်လာရင် ဒီအနေအထားကိုပဲ အခြေခံတာပဲ။အင်အားကြီးနိုင်ငံတွေရဲ့ လွန်ဆွဲမှုကလည်း ရှိတာကိုး။ အဲ့ဒီတစ်ဖက်က ရှိနေသလို အဲ့ဒီကြားထဲမှာ အားလုံးရှုပ်ထွေးသွားတဲ့အထဲမှာ ပိုပြီး ရှုပ်အောင် AA ပြဿနာက ပေါ်လာတယ်။ AA ပြဿနာပေါ်လာပြန်တော့လည်း ဆရာတို့အနေနဲ့ ARSA ရဲ့ အကြမ်းဖက်မှုကို ရင်ဆိုင်နေရတဲ့ အချိန်မှာ အခုက ကိုယ့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအသစ် တစ်ခုကို ရင်ဆိုင်နေရတာ ဖြစ်ပြန်ရော။ ဖြစ်တော့ ဒါတွေအားလုံးဟာ သေချာတာကတော့ ရခိုင်ပြည်နယ်နဲ့ ပတ်သက်လာရင် အေးချမ်းမှုမရှိဘူး၊ တည်ငြိမ်မှုမရှိဘူး ဒါစိုးရိမ်စရာတွေဖြစ်တယ်ဆိုတာတော့ သေချာတာပေါ့၊

အဲ့ဒီတော့ အဲဒီအပေါ်မှာမူတည်ပြီးတော့မှ ခုနကလို အစကတည်းကပေါ့နော် ၂၀၁၆ လောက်က တည်း ကနေ ရခိုင်ကိစ္စကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ လျော့ပါးလာတယ်၊ မြန်မာပြည်မှာ ယုံကြည်မှုတွေအား နည်းလာ တယ် ဆိုတဲ့ဟာတွေအားလုံးဟာ ၂၀၁၆ ရယ် ၂၀၁၇ ရယ် အခု ၂၀၁၉ ရယ် ပေါင်းလိုက်ရင်တော့ တော်တော် လေးကို စိတ်ပူစရာပေါ့၊ အဲ့ဒီတော့ ဆရာတို့အနေနဲ့ ဒီကိစ္စသည် စီးပွားရေးကိစ္စ၊ နိုင်ငံရေးကိစ္စ၊ လူမှုရေးကိစ္စ၊ ယဉ်ကျေးမှု ကိစ္စ ဒါတွေအားလုံးရောနေတာ၊ အဲ့ဒါကိုလူတွေသိအောင်တော့နော် အစိုးရလည်းတတ်နိုင်သမျှ ဖြေရှင်းနေရတာလေ၊ အဲ့ဒီတော့ ခုနပြောသလို စိုးရိမ်စရာဖြစ်စရာတော့ အများကြီးပေါ့၊ ဒါပေမဲ့ ဒီနေရာမှာ ရခိုင် တွေရဲ့ သဘောထားလည်း ထည့်မတွက်လို့မရဘူး၊ နောက်တစ်ခါ နိုင်ငံတကာသဘောထားလည်း ထည့်မ တွက်လို့မရဘူး။

အရင်တုန်းကတော့ ဒီကိစ္စမဖြစ်ခင်တုန်းကတော့ ဘာပဲဖြစ်ဖြစ် AA ဆိုတာ ရှိသာရှိတယ်၊ ဒီလောက် ကြီး စိုးရိမ်ရတဲ့အနေအထားမရှိဘူးလေနော်၊ အခုကတော့ စိုးရိမ်စရာ အနေအထား ရှိလာတာ၊ အဲ့ဒီအတွက်ကို ဆရာတို့က နည်းနည်းလေး ပိုပြီးသတိထားရမှာပေါ့နော်၊ အဲ့ဒီတော့ အရာရာကိုဆောင်ရွက်တဲ့အခါမှာ ခုနလို ပြန်လာဖို့ ဟိုဘက်က ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲကို စောင့်နေတဲ့ အချိန် ရွေးကောက်ပွဲပြီးသွားပြီ၊ ပြန်လာဖို့ နှစ်ဘက်က သဘောတူနေချိန်၊ တစ်နေ့ကတင် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေအားလုံးက ပြန်လက်ခံဖို့ တိုက်တွန်းနေတဲ့အချိန် ဒီအခြေအနေတွေအားလုံး အဆင်သင့်ဖြစ်ကာ ကနေ ဒီလိုဖြစ်လာပြန်တော့ အခြေအ နေတွေက ဆိုးလာပြန်တာပေါ့နော်၊ အဲ့ဒီလိုတော့ စဉ်းစားလို့ ရတယ်။

Opinion Leaders ။     ။ နောက်တစ်ခုက ဒီဟာနဲ့ပဲဆိုင်ပါတယ်၊ အခုအဲ့ဒီလိုမျိုး နိုင်ငံရေးမှာ ကိုယ့်ပါတီ ထဲမှာလည်း ပြဿနာတွေ ဖြစ်တယ်၊ နောက် ဒီလိုမျိုး နယ်စပ်ရခိုင်မှာလည်း AAလို ပြဿနာမျိုးတွေ ဖြစ်တဲ့ အခါကျတော့ အဲ့ဒီမှာမကြာခင်က ဘဏ်နဲ့ပတ်သက်ပြီးတော့ ဘဏ်တိုးနှုန်းကို  ၁၆ ရာခိုင်နှုန်းအထိပဲ ယူခွင့်ပြု လိုက်တာတွေအပါအဝင် စီးပွားရေးဘက်ကနေ တည်ငြိမ်အောင် တစ်ချို့ဟာတွေ လုပ်ပိုင်ခွင့်တွေပို ပေး ၊ပိုမက်လုံးတွေပေးတဲ့အချိန်မှာ နိုင်ငံရေးကမတည်မငြိမ်ဖြစ်တဲ့အခါ ဒီလိုမျိုးလုပ်ဆောင်နေတဲ့ စီးပွားရေး လုပ် ဆောင်မှုတွေကရော ထင်သလောက် အကျိုးသက်ရောက်မှု ရှိနိုင်မလားဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ စောစောကလေ ဟိုအမြဲတမ်းပြောနေတာပေါ့လေနိုင်ငံရေးဘောဂဗေဒပေါ့၊ နိုင်ငံရေးနဲ့စီးပွားရေး ချိတ်ဆက်နေတော့ ဒီဘက်ကစီးပွားရေး တိုးတက်အောင်လုပ်နိုင်ရင်လည်းပဲ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေလျော့လာနိုင်မယ်လို့ တစ်ဖက်ကလည်း စဉ်းစားလို့ရပြန်တယ်လေ၊ အဲ့ဒီတော့ အခုမျှော်လင့် ရမှာက ဆရာတို့တကယ့်ကိုပေါ့နော် မူဘောင်အသစ်တွေနဲ့ ဥပဒေအသစ်တွေနဲ့ လူအသစ်တွေနဲ့ ဆောင်ရွက်တဲ့ အတွက်နော် ယုံကြည်မှုတွေပိုများလာမယ်၊ ယုံကြည်မှုတွေ တည်ဆောက်နိုင်မယ် တည်ဆောက်နိုင်လို့ရှိရင် ဒါတွေအားလုံးကို စီးပွားရေးတက်အောင်လုပ်ပေးနိုင်ရင် ဘာကြောင့်လဲဆိုတော့ ဆရာတို့နားလည်မှုလိုတာ တစ်ခုကတော့ မြန်မာပြည်မှာလည်း တောက်လျှောက်ဖြစ်လာတဲ့ ကိစ္စတွေအားလုံး နိုင်ငံရေးပြဿနာတွေ အားလုံးဟာ စီးပွားရေးအခြေခံတွေရှိတာ ဟုတ်တယ်မလား၊ တောက်လျှောက် ပြည်တွင်းငြိမ်းချမ်းရေး အခုလောက် ပဋိပက္ခတွေ ကာလရှည်နေတာရဲ့ အခြေခံတစ်ခုက အယူအဆအ တွေးအခေါ်ရှိသလို တစ်ဖက်ကလည်း စီးပွားရေးအခြေခံတွေရှိတယ်လေ၊ အဲ့ဒီတော့ resource sharing သယံဇာတ ပစ္စည်းခွဲဝေမှု နဲ့ပတ်သက်လို့ မကျေနပ်တာတွေဘာတွေရှိတော့ ဒီနိုင်ငံရေးချည်းပဲ ကြည့်နေလို့မရ ဘူး၊ စီးပွားရေးအခြေခံလည်း ကြည့်ဖို့လိုတယ်လေ၊ အဲ့ဒီတော့ဆရာတို့အနေနဲ့ တတ်နိုင်သမျှစီးပွားရေး အခြေခံကို လက်ခံစဉ်းစားနိုင်ရင်တော့ ကိုင်တွယ်နိုင်ရင်တော့ နိုင်ငံရေးကိုဖိအားတွေ နည်းနည်းလျော့ပါး နိုင်မယ်လို့ အောက်မေ့တာပါပဲ။

Opinion Leaders ။     ။ နောက်ဆုံးမေးခွန်းပါပဲဆရာ၊ မကြာခင်က ရန်ကုန်ကိုအခြေပြုပြီးတော့ စီမံကိန်း တော်တော်များများကို တရုတ်ဘက်က လာတင်တာလည်းရှိတယ်၊ မြစ်ဆုံနဲ့ပတ်သက်ပြီးတော့ တရုတ်ဘက်က အသံတွေ ပြန်လွှင့် လာတာလည်းရှိတယ်ဆရာ၊ နောက်တော်တော်များများ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ စီးပွား ရေး ပြန်နိုးထဖို့ လုပ်တဲ့ စီမံကိန်းတော်တော်အများစုက တရုတ်အပေါ် အခြေခံပြီးတော့ လုပ်တယ်၊ အဲ့ဒီတော့ နိုင်ငံရေးမှာလည်းဆရာ ဟိုဟာပေါ့ တောက်လျှောက်မှာ လိုက်ထောက်ပြနေတဲ့အဖွဲ့တွေကတော့ ရှိတာပေါ့၊ မတည်မငြိမ်မှုတွေက အခုနောက်ဆုံး အပြင်မှာခေါ်တာတော့ ဖြုတ်ထုတ်တွေပေါ့၊ အဲ့ဒီအဖွဲ့တွေကလည်း အဲ့ဒီဖြုတ်ခံရတဲ့သူတွေ ဘေးထုတ်ခံရတဲ့သူတွေက အခုနောက် ပိုင်းမှာ မီဒီယာ သတင်းစာရှင်းလင်းပွဲတွေမှာ ပြန်ပြီးတိုက်ခိုက်လာတာတွေရှိတယ်ဆရာ။ သတင်းစာရှင်းလင်း ပွဲတွေ လုပ်လာ တာတွေရှိတယ်၊ အဲ့ဒီအခြေ အနေတွေက တော်တော်တော့ ရှုပ်ထွေးလာတယ်၊ အစည်းအဝေးပွဲ မှာပြောရမယ့်စကားတွေကို တခြားအဖွဲ့ အစည်းက အပြင်ထုတ်ပြီးပြောလာတယ်၊ နောင်လာမယ့် ဒီနှစ်နှစ်အတွင်းမှာ ဆရာတို့ ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး တည်ငြိမ်အောင်လုပ်တာတွေ၊ စီးပွားရေးပြန်တက်အောင် လုပ်တာတွေကို ဒါတွေက ဒီဟာတွေကပြန်ပြီး တော့ ချေဖျက်သွားနိုင်မလားဆရာ။ လာမယ့်  ၂၀၂၀ အဆင်ပြေမလားဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အခုက အချိန်ကသိတဲ့အတိုင်းပဲ နိုင်ငံရေးနဲ့ပတ်သက်လာရင် ပြက္ခဒိန်က အင်မတန်တိုတောင်းတဲ့ဟာလေ၊ ဆရာတို့မှာ ငါးနှစ်တစ်ကြိမ်ဆိုတော့ တစ်ဝက်ကျိုးသွားတဲ့အနေအထား ရှိ တာကိုး၊ တစ်ဝက်ကျိုးသွားတဲ့ အနေအထားရှိတော့ ခုနဟို ပြောတဲ့ကိစ္စတွေ အားလုံးဟာ ဆရာတို့ရင်ဆိုင်ရမှာ ပဲ၊ အဲ့ဒီတော့ အမြန်ဆုံး ရင်ဆိုင်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့ ပြဿနာပေါ့၊ ဘာကြောင့်လဲဆိုတော့ အခုက ဒီတရုတ်နဲ့ ပတ်သက်လာရင် အခုသေချာတာက သေချာတာတစ်ခုကတော့ အရင်တုန်းက ဆရာတို့ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ မျှော်လင့်ချက်ကိုပြောရင် လူတိုင်းမျှော်လင့်တာက အနောက်နိုင်ငံက ရင်းနှီး မြှုပ်နှံမှုတွေ အများကြီးလာမယ်လို့ မျှော်လင့်တာ။ ကိုယ်ကိုယ်တိုင်လည်း ဒီလိုပဲ မျှော်လင့်ခဲ့တာ၊ ဘာကြောင့် လည်း ဆိုတော့ ဒီမိုကရေစီရောက်အောင် သူတို့ပဲအများကြီးအကူအညီပေးခဲ့တယ်လေ၊ အနောက်နိုင်ငံက EU တို့၊ US တို့၊ UK တို့ ။

အဲ့ဒီတော့ အဲ့လိုမျှော်လင့်ချက်တွေရှိတဲ့အချိန်မှာ ရခိုင်ကိစ္စက ဝုန်းခနဲဖြစ်လာတဲ့ အခါကျ တော့ လူ့အခွင့်အရေးဘာညာနဲ့ ဒါတွေအားလုံးရှုပ်ထွေးလာတဲ့အခါ အချိန်မှာ အခုအချိန်မှာတော့ကာလတိုမှာတော့ အနောက်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုလာဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းသွားတဲ့အခြေအနေရှိတယ်၊ အဲဒီတော့ အဲဒီလိုရှိတဲ့အခါကျတော့ လှည့်နိုင်တာက ဘာလဲဆိုတော့ Look East ပေါ့၊ အရှေ့သို့ဆိုတဲ့ ပေါ်လစီကို ကျင့်သုံးရမှာပဲလေ၊ ကျင့်သုံးတဲ့အခါမှာ ဘယ်သူတွေပါလာနိုင်မလဲဆိုတော့ ဆရာထင်တယ်၊ တရုတ်တင် မကဘူး တရုတ်နဲ့ယှဉ်နိုင်တဲ့ ဂျပန်တို့၊ ကိုရီးယားတို့ ထိုင်ဝမ်တို့ ဟောင်ကောင်တို့ ဒါတွေလည်း လှည့်ကြည့်ဖို့ လိုတယ်၊ ပြီးတော့မှ အိန္ဒိယပေါ့၊ အိန္ဒိယလည်း လှည့်ကြည့်ဖို့လိုတယ်။

ပြီးတော့မှ ဟိုဆရာတို့ ဒီ အနောက် နိုင်ငံလို့ပြောခဲ့ပေမယ့် အားလုံးကတစ်စည်းတစ်လုံးတည်း မဟုတ် ဘူးလေ၊ ဟို တစ်ချို့နိုင်ငံတွေက ဟို ဆရာတို့ နည်းနည်းပိုပြီးနားလည်မှုပေးနိုင်တဲ့  နိုင်ငံတွေရှိတယ်၊ ဥပမာ- သြစတြေးလျနိုင်ငံတို့ဘာတို့၊ တစ်ချို့နိုင်ငံ တွေကျတော့လည်း လိုတာထက်ပိုပြီး ပြင်းပြင်းထန်ထန်ဝေဖန်တဲ့ နိုင်ငံတွေရှိတယ်၊ အနောက်နိုင်ငံက၊ အဲ့ဒီတော့ ဆရာအောက်မေ့တာက အနောက်နိုင်ငံကို ဆရာတို့ သုံးသပ်တဲ့ အခါမှာလည်းပဲ အနောက်နိုင်ငံတွေအားလုံးလို့ ဝါးလုံးရှည်နဲ့ရမ်းမယ့်အစား ဟို ကိုယ့်ကိုနားလည်မှု ပေးနိုင်မယ့် သူတွေကို စွဲဆောင်ရမှာလေ၊ ဘာကြောင့်လဲဆိုတော့ တကယ်တမ်းတော့ စီးပွားရေးလုပ်ငန်းရှင်တွေက အကျိုး အမြတ်ရရင် မက်လုံးရှိရင်လာမှာပဲကွဲ့၊နိုင်ငံရေးအခြေအနေ ဘယ်လောက်ကြီးဆိုးလို့ ဆရာတို့အခုဟိုမှာ အီရတ်ကို ဆန်ရှင်တွေ အပြည့်လုပ်တဲ့အချိန်မှာ ဝင်လာပြီးစီးပွားရေးလုပ်တဲ့ အနောက်နိုင်ငံကုမ္ပဏီတွေ ရှိခဲ့ တာပဲလေ၊ အီရန်မှာလည်း ရှိခဲ့တာပဲ၊ အဲ့ဒီတော့ ဆရာတို့ အနေနဲ့ကတော့ တစ်ခုကတော့ လတ်တလောမှာ တော့ Look East ပေါ့လေ။

နိုင်ငံတော်အစိုးရကလည်း ကြေညာထားတယ်နော် ဟို ဒီ တရုတ်၊ တရုတ်တစ်ခုတည်း စဉ်းစားနေ လို့တော့ မရဘူး၊ နိုင်ငံတစ်နိုင်ငံတည်း အားကိုးရရင်တော့ အန္တရာယ်ရှိတာပေါ့၊ အဲ့ဒီတော့ ဖြန့်ပြီး ဆရာတို့ ရင်းနှီးမြှုပ်နှံမှုတွေရအောင် ကြိုးစားမယ်၊ ကိုရီးယားတို့၊ ကိုယ့်ဆီမှာလည်း ကိုယ့်အိမ်နီးနားချင်း အင်ဒိုနီးရှားတို့ ထိုင်းတို့ဘာတို့ကလည်း သူတို့ကလည်း ရင်းနှီးမြှုပ်နှံချင်တဲ့ အခြေအနေတွေရှိလာပြီလေ၊ အဲ့ဒီတော့ ကိုယ့် ထက် နည်းနည်းလေးချမ်းသာတဲ့နိုင်ငံတွေဆီကနေ ရင်းနှီးမြှုပ်နှံမှုတွေကို စွဲဆောင်နိုင်ရင်းနဲ့ပဲ ခုနလို အ နောက်နိုင်ငံက မျှော်လင့်တဲ့ဟာတွေ မလာတာကို တုန့်ပြန်နိုင်မယ်လို့ ဆရာတော့ အဲ့ဒီလိုယူဆတာပဲ။

Opinion Leaders ။     ။ ဒါဆို ဆရာ အကုန်လုံးခြုံပြီး ကြည့်လိုက်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုကတော့ အကုန် လုံးကို မျှော်လင့်ထားမှ ရမှာပေါ့နော်၊ တစ်ခုတည်းတော့ ပုံထားဖို့မသင့်ဘူးပေါ့။

ဒေါက်တာအောင်ထွန်းသက် ။     ။ တစ်နေရာတည်းပုံထားရင် Risk သိပ်များတယ်လေ၊ ဟုတ်တယ်မဟုတ် လား၊ အဆင်ပြေရင်တစ်မျိုး ။ အဆင်မပြေတဲ့အခါမှာ ကိုယ့်အတွက်အန္တရာယ်က တော်တော်ကြီးတော့ ဖြစ်နိုင် ရင်တစ်နေရာတည်း ဟိုဟာပေါ့ ကြက်ဥတွေအားလုံးကို တစ်ခြင်းတည်းမထည့်ပါနဲ့လို့ ဆရာတို့ အမြဲတမ်း သတိ ပေးသလို အဲ့ဒီခြင်းကြီး ပြုတ်ကျ သွားရင် ကြက်ဥတွေအားလုံးကွဲမှာလေ၊ အဲ့ဒီတော့ ဒါအင်္ဂလိပ်စကားပုံအတိုင်း ဆရာတို့လည်း အဲ့ဒီလိုစဉ်းစားဖို့ လိုလိမ့်မယ်လို့ အောက်မေ့တာပဲ။

Opinion Leaders ။     ။ အခုလို အချိန်ယူဖြေကြားပေးတဲ့အတွက် ကျေးဇူးပါ ဆရာ။

ဒေါက်တာ အောင်ထွန်းသက်

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ အကြံပေးပုဂ္ဂိုလ် ဖြစ်ပါသည်။ သူသည် ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာသဘောတူညီချက်ကွန်ရက် မြန်မာ…

What to Read Next